မန္တလေး၊ ဒီဇင်ဘာ ၁၇
မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ အခြေခံစည်းမျဉ်းရှင်းလင်းခြင်းနှင့် လုပ်ငန်းဆိုင်ရာ ဆွေးနွေးခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစည်းအဝေးခန်းမ (လွှတ်တာ်ရုံးဟောင်း)၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်တင်တင်လတ်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မီမီစိုး၊ အတွင်းရေးမှူး ဒေါ်သန္တာဘုန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌများက စတုတ္ထသုံးလပတ် အစီရင်ခံစာများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌက အဖွဲ့ချုပ်၏ အခြေခံ စဉ်းမျဉ်းများကို ရှင်းလင်းပြောကြားပြီး ဒုတိယဥက္ကဋ္ဌက နှစ်ပတ်လည်အစည်းအဝေးနှင့် လုပ်ငန်းဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။
သတင်းစဉ်