နေပြည်တော် ၃၀ သြဂုတ်
မြန်မာနိုင်ငံအတွင်းရှိ ဝေးလံခေါင်ဖျားဒေသတွင် နေထိုင်သော ကလေးသူငယ်များ ပညာသင်ယူခြင်း အခွင့်ပိုမိုရရှိစေရေး စီမံကိန်းအကြောင်းအရာ မိတ်ဆက်အခမ်း အနားကို စက်တင်ဘာ ၃ ရက် နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသည် European Union Delegation to Myanmar ၏ အကူအညီဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ၉ ခုတွင် ယင်းစီမံကိန်းအား ADRA နှင့် RISE တို့မှ တစ်ဆင့် ၅ နှစ်တာစီမံကိန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယင်းစီမံကိန်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို မိတ်ဆက်သည့် အနေဖြင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ တသက်တာနှင့်ကျောင်းပြင်ပ ပညာရေးဦးစီးဌာန၊ နည်းပညာနှင့်သက်မွေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန တို့မှတာဝန်ရှိသူများအား စိမံကိန်းအကြောင်းအရာများကို မိတ်ဆက် ရှင်းလင်းသွားမည်ဖြစ်ကြောင်း ADRA ထံမှ သိရသည်။
မောင်လူမော်


