မိတ္ထီလာ ဇူလိုင် ၂၆

     

မိတ္ထီလာခရိုင်အတွင်း မြို့နယ် ၃ ခုရှိ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းအသင်းဝင်စာကြည့် တိုက်များသို့ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်းဒေးရှင်းမှ စာအုပ်လှူဒါန်းပွဲကို ဇူလိုင်၂၆ ရက်နံနက် ၉ နာရီ အချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ကျင်းပကြောင်း သိရသည်။

 

ရှေးဦးစွာ အဆိုပါ စာအုပ်လှူဒါန်းပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးက အဖွင့်အမှာစကား ပြောကြားသည်။ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း အမှုဆောင်အဖွဲ့အဖွဲ့ဝင် ဦးစံလင်းဦးနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော် တို့က မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းမှ စာအုပ်များလှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ မိတ္ထီလာ၊ မလှိုင်နှင့် ဝမ်းတွင်းမြို့နယ်များမှ တက်ရောက်လာကြသည့် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းအသင်းဝင် စာကြည့်တိုက်များ၏ တာဝန်ခံများထံသို့ အဆိုပါဖောင်ဒေးရှင်းမှ လှူဒါန်းသည့် စာအုပ်များကိုလည်းကောင်း ၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ရှင်သန်ခိုင်မာသည့် စာကြည့်တိုက်များ၏ တာဝန်ခံများထံသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လှူဒါန်းသည့် စာအုပ်များကိုလည်းကောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ ခရိုင်ပြန်/ဆက် ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော် ၊ မန္တလေးတိုင်းဒေသကြီး မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း အမှု ဆောင်အဖွဲ့အဖွဲ့ဝင် ဦးစံလင်းဦးနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်လှူဒါန်းသည်။ ဆက်လက်၍ စာကြည့်တိုက်များသို့ စာအုပ်လှူဒါန်းမှုအတွက် မိတ္ထီလာမြို့နယ်၊ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဌေးမောင် က ကျေးဇူးတင်စကားပြောကြားကြောင်း သိရသည်။

                                                                                                                              

ချမ်းသာ  (မိတ္ထီလာ)