ရန်ကုန် ၂၃ ဇူလိုင်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ စာရေးဆရာအသင်း၏ ဖတ်ကြားချက်အရ မြန်မာ နိုင်ငံစာရေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဦးချစ်နိုင်(ချစ်နိုင်-စိတ်ပညာ)နှင့် ဘဏ္ဍာရေးမှူး ဦးစိုးမြင့်(စိုးမှူး)တို့သည် ဇူလိုင် ၂၃ ရက်မှ ၂၇ ရက်အထိ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပမည့် China - ASEAN Countries Literature Forum သို့ တက်ရောက်ရန် ယနေ့မွန်းလွဲပိုင်းက လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြောင်း သိရသည်။
(သတင်းစဉ်)


