ပွင့်ဖြူ   ၂၂   ဇွန်     

 

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း၊ (UMTA CSR Foundation)အဖွဲ့နှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် ၂၀၁၉ ခုနှစ်၊ မိုးရာသီကာလ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန် ၂၂ ရက်၊ ယနေ့နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် ရေပုတ်ကြီး ကျေးရွာအဝင်လမ်းဘေးအနီး ယာယီမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း၊ (UMTA CSR Foundation)အဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးသီတာမိုး က သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်သစ်တောဦးစီးမှူး ဦးအောင်မော်က သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြည်ရေးအတွက် သစ်တောသစ်ပင်များ စည်းကမ်းမဲ့ခုတ်လှဲခြင်းများ မပြုလုပ်ကြရန် ရှင်းလင်းပြောကြားသည်။ 

 

_DSC9

 

ထို့နောက် တိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်း၊ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း၊(UMTA CSR Foundation)အဖွဲ့ဥက္ကဋ္ဌ ဒေါ်အေး သီတာမိုးနှင့် အသင်းအဖွဲ့ဝင်များ ၊ ရေပုတ်ကြီးကျေးရွာမှ ဆံရစ်ဝိုင်းအဖွဲ့များ၊ ဒေသခံရပ်မိရပ်ဖများက ကျေးရွာ အဝင်လမ်းဘေးတွင် အပူဒဏ်ကာကွယ် နိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်အတွက် ကျွန်း ၊ သရက် ၊ တမာ ၊ ဝါး ၊ မကျည်း စသည့် အရိပ်ရပျိုးပင် ၃၀ဝ အား တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးပေးခဲ့ကြသည်။ 

 

အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်း ၊ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ တိုင်းဒေသကြီးခရီးသွား လုပ်ငန်းအဖွဲ့ တာဝန်ခံ ဦးတင်လှိုင်ထွန်းနှင့် အဖွဲ့ဝင်များ ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း၊(UMTA CSR Foundation)အဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးသီတာမိုးနှင့် အသင်းအဖွဲ့ဝင်များ ၊ ရေပုတ်ကြီးကျေးရွာမှ ဆံရစ်ဝိုင်းအဖွဲ့များနှင့် ဒေသခံရပ်မိရပ်ဖများ စုစုပေါင်း လူဦးရေ ၇၀ဝ ဦးကျော်ခန့် ပါဝင်ဆင်နွှဲ စိုက်ပျိုးခဲ့ကြောင်း သိရသည်။ 

 

ရဲဝင်းနိုင် (ညောင်ဦး)

 

_DSC9294.