နေပြည်တော် ဇန်နဝါရီ ၁၈
 
မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ စွမ်းဆောင်ရည်အကဲဖြတ်ဆန်းစစ်ခြင်းနှင့် အသိအမှတ်ပြုခြင်း ဆွေးနွေးပွဲဖွင့်ပွဲကို  ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဌာနချုပ်၌ ကျင်းပရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့် online မှတက်ရောက်သည်။

ဆွေးနွေးပွဲဖွင့်ပွဲတွင် အသင်း ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်က အမှာစကား ပြောကြားခဲ့ပြီးအပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း  IFRC Myanmar Country Office မှ Head of Delegation Ms. Nadia KHOURY က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

အဆိုပါအခမ်းအနားသို့ အသင်းဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်၊ အချိန်ပိုင်း အမှုဆောင်အဖွဲ့ဝင်များ၊ အထွေထွေအတွင်းရေးမှူး၊ ဒုတိယ အထွေထွေအတွင်းရေးမှူးများ၊ တိုင်းဒေသကြီး၊ ပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီ များမှတာဝန်ရှိသူများနှင့် လူငယ်ကြက်ခြေနီခေါင်းဆောင်များ၊ မိတ်ဖက်ကြက်ခြေနီနှင့် လခြမ်းနီအသင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၁ ရက် အထိ (၄)ရက်တာပြုလုပ်သွားမည်ဖြစ်သည်။

အသင်း၏ စွမ်းဆောင်ရည်အကဲဖြတ်ဆန်းစစ်ခြင်းနှင့် အသိအမှတ် ပြုခြင်း  လုပ်ငန်းစဉ်သည် အသင်းတခုလုံးနှင့် သက်ဆိုင်ပြီး ကျယ်ပြန့်သော စွမ်းဆောင်ရည် များနှင့် ဆက်စပ်နေသည့် အမျိုးသားအသင်းတစ်သင်း၏ အားသာချက်၊ အားနည်းချက်များကို အမိအရဆုပ်ကိုင်နိုင်ရန် ရည်ရွယ်ကာ ဆွေးနွေးပွဲကို ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်