စစ်တွေ   ၇  စက်တင်ဘာ

 

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြသော ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများအတွက် အရေးပေါ်တစ်ကိုယ်ရည်သုံးပစ္စည်းများကို ယနေ့ မွန်းလွဲပိုင်းက သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လှူဒါန်းသောပစ္စည်းများမှာ (Hygiene kit ) ၁၅၀ ခု၊ စောင် ၁၅၀ ထည်နှင့် ခြင်ထောင် အထည်ပေါင်း ၁၅၀ ဖြစ်ပြီး ကျပ်သိန်း ၁၀၀ ကျော်ခန့်ရှိ ပစ္စည်းများဖြစ်ကြောင်း သိရသည်။  

 

အဆိုပါ တစ်ကိုယ်ရည်သုံးပစ္စည်းများကို ရခိုင်ပြည်နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ပြည်နယ်တပ်ဖွဲ့မှူး ဦးမြင့်ထွေးနှင့် ရခိုင်ပြည်နယ် စီမံချက်လုပ်ငန်းများ စီမံခန့်ခွဲမှုယူနစ်မန်နေဂျာ ဦးစည်သူတိုးညွန့်တို့က လွှဲပြောင်းပေးအပ်ကြရာ စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က လက်ခံရယူခဲ့ကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)

 

4

 

89