နေပြည်တော် ၁၂ ဇူလိုင်
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲ ၃ နာရီ တွင် အသင်းရုံးဝန်းအတွင်း ဖွင့်လှစ်ထားသော မေတ္တာစမ်းရေအသင်းပိုင် မူလတန်းကြို ကျောင်းတွင်မူကြိုကလေးငယ်များ၏ မိဘများကိုဖိတ်ကြား၍သက်ငယ်မုဒိမ်းကြိုတင်ကာကွယ်ရေး အသိပညာဆွေးနွေးခြင်းကိုဆောင်ရွက်ခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲသို့ မူကြိုကလေးငယ်များ၏မိဘ/အုပ်ထိန်းသူများ(၉၀)တက် ရောက်ခဲ့ပြီး အသင်းဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က သက်ငယ်မုဒိမ်း ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ရန်လိုအပ်သည်များနှင့် သတိပြုလိုက်နာရမည့်အချက်များတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)


