နေပြည်တော် ၂၂ အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ အမျိုးသားသွေးဌာန၌ အောက်တိုဘာလ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ(ရန်ကုန်)မှ အရာရှိ/ အခြားအဆင့် တပ်ဖွဲ့ဝင် ၇၅ ဦး စုပေါင်း သွေးလှူဒါန်းခဲ့သည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ အမျိုးသားသွေးဌာန၌ အောက်တိုဘာ ၁၉ ရက် နံနက် ၇ နာရီခွဲတွင် အမှတ်(၂)လုံခြုံရေးရဲကွပ်ကဲမှု အဖွဲ့က (၆၄)ကြိမ်မြောက်အဖြစ် အမှတ်(၃) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ အရာရှိ/ အခြား အဆင့် တပ်ဖွဲ့ဝင် ၈၆ ဦး၊ မိသားစုဝင် ၆ ဦး၊ စုစုပေါင်း ၉၂ ဦး သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
(ရဲပြန်ကြား)