နေပြည်တော် ၇  ဇူလိုင် 

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏ ၂၀၁၉ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇူလိုင်လ ၆ ရက် နံနက် ၇ နာရီခွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ရုံးအမှတ်(၈)၊ (၃၈)နှင့် (၄၅)တို့၌ တစ်ပြိုင်တည်းကျင်းပ စိုက်ပျိုးခဲ့သည်။

 

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ ဒုတိယရဲချုပ်များနှင့် ရဲအရာရှိကြီးများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်  မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဌနှင့် ကော်မတီဝင်များ၊ တပ်ဖွဲ့ဝင်များနှင့် စာရေး ဝန်ထမ်းများ တက်ရောက်ခဲ့ပြီး ရုံးအမှတ်(၈)၊ (၃၈)နှင့် (၄၅)တို့၏ ပတ်ဝန်းကျင်သတ်မှတ်နေရာများတွင် ရတနာတန်း ဝင်ကျွန်းပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်းပျိုးပင်(၁၂၀ဝ)ကျော်တို့အား စိုက်ပျိုးခဲ့ကြောင်း  ရဲပြန်ကြားမှ သိရသည်။

 

MDN