နေပြည်တော်၊ အောက်တိုဘာ ၁၉
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် တာဝန်ရှိသူများသည် Thai Business Association of Myanmar (TBAM) မှ ဥက္ကဋ္ဌ Mr. Nuttaphong Visitkitchakarn ဦးဆောင်သည့် အဖွဲ့ဝင်များအား ယနေ့ မွန်းလွဲ ၂ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲရှိ အစည်းအဝေးခန်းမ၌လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နှစ်နိုင်ငံငွေကြေးအသုံးပြု၍ ဆောင်ရွက်နေသည့် ကုန်သွယ်မှုများ အပါအဝင် ငွေကြေးကဏ္ဍတွင် ကြုံတွေ့နေရသည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်