နေပြည်တော် ၂၃ ဩဂုတ်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်သည် ဩဂုတ် ၁၉ ရက် နံနက် ၁၀ နာရီခွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲရှိစီမံခန့်ခွဲမှုနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးဌာနနှင့် ငွေကြေးလုပ်ငန်းအုပ်ချုပ်မှုဌာနတို့မှ အရာထမ်းများနှင့် တွေ့ဆုံဆွေးနွေး၍ လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးသည်။

တွေ့ဆုံဆွေးနွေးစဉ် ဗဟိုဘဏ်၏ ငွေကြေးလုပ်ငန်းဆောင်ရွက်မှုများနှင့် ငွေကြေးစာရင်းဇယား ထားရှိမှုများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလိုက်နာဆောင်ရွက်ရေး၊ ငွေကြေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန် ငွေစက္ကူရေတွက်စစ်ဆေးစက်များနှင့် အခြား လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရေးအတွက် လုပ်ငန်းအစီအစဉ်များကြိုတင် ဆောင်ရွက်ထားရှိရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်