နေပြည်တော် ၂၆   ဩဂုတ် 


မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် သည် ထိုင်းနိုင်ငံ Siam Commercial Bank မှ President Mr. Sarut Ruttanaporn နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။ 


တွေ့ဆုံစဉ် ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေးကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိပူးပေါင်း ဆောင်ရွက်နေမှုများ တိုးချဲ့ဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


(သတင်းစဉ်)