ကံမ ဧပြီ ၁၆
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်၌ မဟာသင်္ကြန်ပွဲတော် အတက်နေ့တွင် ပြည်သူများအေးချမ်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြသည်။
ကံမမြို့နယ်တွင် ဗဟိုရေကစားမဏ္ဍပ်၌ ယိမ်းအဖွဲ့များက အလှည့်ကျ ကပြဖျော်ဖြေခြင်း၊ သင်္ကြန် တေးသီချင်းများဖြင့် ဖျော်ဖြေခြင်းများနှင့် စတုဒိသာ ကျွေးမွေးခြင်းများဖြင့် စည်ကားစွာ ကျင်းပလျက်ရှိပြီး မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့တွင် ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များကို ရွတ်ဖတ်ခြင်းများနှင့် သက်ကြီးအဘိုးအဘွားများအား ပူဇော်ကန်တော့ပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)