မော်လမြိုင် စက်တင်ဘာ ၇

 

တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး ဦးတည်ချက်နှင့်အညီ မွန်ပြည်နယ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့်ပြိုင်ပွဲကို စက်တင်ဘာ ၅ ရက်မှ စတင်ကျင်းပလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျင်းပရေး လုပ်ငန်းကော်မတီဝင်များ၊ အနုပညာရှင်၊ ဝါသနာရှင်များသည် စက်တင်ဘာ ၆ ရက် မွန်းလွဲပိုင်းက အတီးပြိုင်ပွဲ အမျိုးသမီးအသက် ၁၀ နှစ်မှ ၁၅ နှစ်၊ ဆိုင်းအဖွဲ့လိုက်ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုနှင့် မွန်တိုင်းရင်းသား ယိမ်းအကပြိုင်ပွဲ ယှဉ်ပြိုင်နေမှုတို့အား ကြည့်ရှုအားပေးသည်။

 

မွန်ပြည်နယ်အနေဖြင့် မျိုးဆက်သစ်လူငယ်များအား အဆို၊ အက၊ အရေး၊ အတီး ဘာသာရပ်များတွင် ထူးချွန်သူများ ပေါ်ထွန်းလာရေး မွေးထုတ်ပေးလျက်ရှိရာ ရွက်ပုံးသီး အနုပညာရှင်များကိုလည်း ဖော်ထုတ်မြှင့်တင်ပေးပြီး မွန်တိုင်းရင်းသားရိုးရာ အနုပညာများကိုလည်း ဖော်ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်ခရိုင်(ပြန်/ဆက်)