ရန်ကုန် ၈ စက်တင်ဘာ

 

မြန်မာ့ရုပ်ရှင် ရာပြည့်အထိမ်းအမှတ် ရုပ်မြင်သံကြား ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ယှဉ်ပြိုင်မှု ရိုက်ကူးရေး အစီအစဉ်များကို ရန်ကုန်မြို့၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ယမန်နေ့က စတင်ကျင်းပခဲ့သည်။

 

မြန်မာ့ရုပ်ရှင် ရာပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ရုပ်မြင်သံကြား ဉာဏ်စမ်းပဟေဠိပြိုင်ပွဲသို့ ပြိုင်ပွဲဝင်အဖွဲ့ (၈)ဖွဲ့ ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ပထမအဆင့်ပြိုင်ပွဲများကို ယမန်နေ့ကလည်းကောင်း၊ ဒုတိယအဆင့်ပြိုင်ပွဲများကို ယနေ့တွင်လည်းကောင်း ယှဉ်ပြိုင်ကြကာ ဗိုလ်လုပွဲအဆင့် ယှဉ်ပြိုင်မှုများကို စက်တင်ဘာ ၉ ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။

 

အဆိုပါ ပြိုင်ပွဲကို ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)နှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတို့မှ ပူးပေါင်းစီစဉ်ထားပြီး မြန်မာ့ရုပ်ရှင် ရာပြည့်အထိမ်းအမှတ်အဖြစ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ဆက်စပ်ရုပ်သံလိုင်းများတွင် ထုတ်လွှင့်ပြသနိုင်ရေး စီစဉ်ထားရှိကြောင်း သိရသည်။

 

တင်ကိုဝင်း(FDC)

 

mdn