နေပြည်တော် ၂၃ စက်တင်ဘာ

မြန်မာ့ရုပ်ရှင်ရာပြည့်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့ရုပ်ရှင်တေးသီချင်း အပုဒ် (၁၀၀)ကို တစ်ပတ်လျှင် (၁၀)ပုဒ်ဖြင့် အပတ်စဉ် သောကြာနေ့ညတိုင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ည ၈ နာရီ သတင်းများအပြီးတွင် ထုတ်လွှင့် လျက်ရှိရာ စက်တင်ဘာ ၂၅ ရက် ညတွင် ပွဲစဉ်(၈)အဖြစ် AURORA တေးဂီတအဖွဲ့နှင့်အတူ တေးသံရှင် မြန်မာပြည်သိန်းတန်၊ ဂျေမောင်မောင်၊ တူးတူး၊ အက်စ်ကဲနက်၊ ဟေမာနေဝင်း၊ ယုဇန၊ ရတနာမိုင်၊ ချယ်ရီသင်းတို့က ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။

အဆိုပါတင်ဆက်ခဲ့မှုကို စက်တင်ဘာ ၂၇ ရက်၊ တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ပြန်လည်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်