နေပြည်တော် ၁၈ ဩဂုတ်

 

မြန်မာ့ရုပ်ရှင်ရာပြည့်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့ရုပ်ရှင်တေးသီချင်းအပုဒ်(၁၀၀)ကို Emperor တေးဂီတအဖွဲ့နှင့် အခြားတေးဂီတအဖွဲ့များ၊ နိုင်ငံကျော်တေးသံရှင်များ၏ ဖျော်ဖြေမှုများဖြင့် ဩဂုတ်(၂၁)ရက် သောကြာနေ့တွင် မြန်မာ့ရုပ်မြင်သံကြား(MRTV)၏ ည(၈)နာရီ သတင်းအစီအစဉ်အပြီးတွင် မြန်မာ့ရုပ်မြင်သံကြား(MRTV) နှင့် MRTV Facebook Page တို့မှ တိုက်ရိုက်ထုတ်လွှင့်ပေးလျက်ရှိသည်။

 

ဩဂုတ်(၂၁)ရက် ပွဲစဉ်(၃)အစီအစဉ်တွင် မြန်မာ့ရုပ်ရှင် ဇာတ်ဝင်တေးများကို Emperor တေးဂီတအဖွဲ့နှင့်အတူ နိုင်ငံကျော်တေးသံရှင်များ ဖြစ်ကြသည့် ဇော်ဝင်းထွဋ်၊ ရင်ဂို၊ စည်သူလွင်၊ အောင်လ၊ ဝေလ၊ ဝိုင်းစုခိုင်သိန်း၊ ဂျူဝဲလ်၊ အေးမြဖြူနှင့် မေသက်ထားဆွေတို့က ပါဝင်ဖျော်ဖြေ တင်ဆက်ပေးသွားမည်ဖြစ်ပြီး အဆိုပါတင်ဆက်မှုကို ဩဂုတ်(၂၃)ရက် တနင်္ဂနွေနေ့ နံနက် (၁၀) နာရီခွဲတွင် ဒုတိယအကြိမ် ပြန်လည်ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

 

သတင်းစဉ်