နေပြည်တော် ၂၆ ဩဂုတ်
မြန်မာ့ရုပ်ရှင်ရာပြည့်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့ရုပ်ရှင်တေးသီချင်း အပုဒ် (၁၀၀) ကို တစ်ပတ်လျှင် (၁၀)ပုဒ်ဖြင့် အပတ်စဉ် သောကြာနေ့ညတိုင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ည(၈)နာရီ သတင်းများအပြီးတွင် ထုတ်လွှင့်လျက်ရှိရာ ဩဂုတ် (၂၈) ရက် ညတွင် ပွဲစဉ် (၄) အဖြစ် စန္ဒရားကိုခင်လှ၊ စန္ဒရားတင်ကိုကို တေးဂီတအဖွဲ့နှင့်အတူ တေးသံရှင် ထား၊ ရီရီသန့်၊ ခင်စိုးဝင်း၊ စိမ်းလဲ့လဲ့၊ သူဇာအောင်၊ မေသက်ထားဆွေ၊ တင်ဦးလေး၊ သန်းမြတ်စိုး၊ မောင်သိန်းဝင်း၊ ကျော်ကျော်ဟန်၊ ဝိုင်းလမင်းအောင်၊ စန္ဒရားတင်ကိုကို တို့က ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။
အဆိုပါတင်ဆက်ခဲ့မှုကို ဩဂုတ်(၃၀)ရက် တနင်္ဂနွေနေ့ နံနက် (၁၀) နာရီခွဲတွင် ဒုတိယအကြိမ် ပြန်လည်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


