နေပြည်တော် ၁၃ ဩဂုတ်
မြန်မာ့ရုပ်ရှင်ရာပြည့်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့ရုပ်ရှင်တေးသီချင်းအပုဒ်(၁၀၀)ကို Emperor တေးဂီတအဖွဲ့နှင့် အခြားတေးဂီတအဖွဲ့များ၊ နိုင်ငံကျော်တေးသံရှင်များ၏ ဖျော်ဖြေမှုများဖြင့် ဩဂုတ် (၇) ရက် သောကြာနေ့မှစတင်၍ မြန်မာ့ရုပ်မြင်သံကြား (MRTV)၏ ည (၈) နာရီသတင်း အစီအစဉ်အပြီးတွင် မြန်မာ့ရုပ်မြင်သံကြား (MRTV) နှင့် MRTV Facebook Page တို့မှ တိုက်ရိုက် ထုတ်လွှင့်ပေးလျက်ရှိသည်။
ဩဂုတ် (၁၄) ရက် ပွဲစဉ် (၂) အစီအစဉ်တွင် ဂီတမှူး စန္ဒယားကိုခင်လှ၊ စန္ဒယား ဦးတင်ကိုကို တို့၏ မြန်မာမှုတေးဂီတအဖွဲ့နှင့် နိုင်ငံကျော်တေးသံရှင်များဖြစ်ကြသော တေးသံရှင်ထား၊ အကယ်ဒမီ ချိုပြုံး၊ ရီရီသန့်၊ ခင်ညွန့်ရည်၊ တက္ကသိုလ်လဲ့လဲ့၊ နှင်းရည်သန့်၊ ခင်ပိုးပန်းချီ၊ ရန်ပိုင်စိုး၊ ဖိုးသောကြာနှင့် ရဲထိုက်တို့က ဖျော်ဖြေ တင်ဆက်ပေးသွား မှာဖြစ်ပြီး အဆိုပါတင်ဆက်မှုကို ဩဂုတ် (၁၆) ရက်၊ တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ပြန်လည်ထုတ်လွှင့်ပြသပေး သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်