မော်လမြိုင် ဇူလိုင် ၃၁

မွန်ပြည်နယ်  စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မော်လမြိုင်မြို့နယ်အတွင်းရှိ ကျောင်းတိုက်များမှ  ဝါဆို၊   ဝါကပ်တော်မူပြီးသော ပရိယတ္တိ၊ ပရိပတ္တိ သာသနာ့လုပ်ငန်းများ ဆောင်ရွက်​နေ​သည့် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်​ကျောင်းများသို့ ဆွမ်းဆန်တော်များကို  ဇူလိုင် ၃၀ နံနက်ပိုင်းက မော်လမြိုင်မြို့အောင်ဆန်းခန်းမ၌ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့လှူဒါန်းပေးရာတွင်  မော်လမြိုင်မြို့နယ်အတွင်းရှိ  ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း (၅၄)ကျောင်းတို့အတွက် မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ  ဆန်အိတ် (၁၀၆)အိတ်၊ မွန်ပြည်နယ် အမျိုး​သမီးရေးရာအဖွဲ့နှင့် မိခင်နှင့် က​လေး​စောင့်​ရှောက်​ရေး ကြီးကြပ်မှုအဖွဲ့တို့မှ ဆီ၊ ကြက်သွန်၊ ပဲဝါ အစရှိသည့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ စေတနာရှင် ပြည်သူများမှ ရဟန်းသံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား ကိုဗစ်−၁၉  ကူးစက်ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း   ဆွမ်းဝေယျာဝစ္စ  အဆင်ပြေ စေရန်အတွက်   စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် ပူးပေါင်းပါဝင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)