မော်လမြိုင် ဇူလိုင် ၃၁
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မော်လမြိုင်မြို့နယ်အတွင်းရှိ ကျောင်းတိုက်များမှ ဝါဆို၊ ဝါကပ်တော်မူပြီးသော ပရိယတ္တိ၊ ပရိပတ္တိ သာသနာ့လုပ်ငန်းများ ဆောင်ရွက်နေသည့် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်များကို ဇူလိုင် ၃၀ နံနက်ပိုင်းက မော်လမြိုင်မြို့အောင်ဆန်းခန်းမ၌ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းပေးရာတွင် မော်လမြိုင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း (၅၄)ကျောင်းတို့အတွက် မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ဆန်အိတ် (၁၀၆)အိတ်၊ မွန်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုအဖွဲ့တို့မှ ဆီ၊ ကြက်သွန်၊ ပဲဝါ အစရှိသည့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ စေတနာရှင် ပြည်သူများမှ ရဟန်းသံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား ကိုဗစ်−၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ဆွမ်းဝေယျာဝစ္စ အဆင်ပြေ စေရန်အတွက် စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် ပူးပေါင်းပါဝင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)


