မုဒုံ    ၁၈   သြဂုတ်    

   

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက အသက်မွေးဝမ်းကျောင်း အထောက်ကူပြု အခြေခံစက်ချုပ်သင်တန်းကို ယနေ့ နံနက် ၁၀ နာရီက ကျုံဖိုက်ကျေးရွာ ကန်ကလေးဓမ္မာရုံ၌ ဖွင့်လှစ်သည်။

 

 သင်တန်းဖွင့်ပွဲတွင် မော်လမြိုင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးအေးနိုင်မှ ကျေးလက်နေပြည်သူများ အလုပ်ကိုင်အခွင့်လမ်းရရှိစေပြီး မိသားစုဝင်ငွေ တိုးပွားစေရန်နှင့် သင်တန်းမှ ရရှိသည့် အတက်ပညာများကို ပြန်လည် အသုံးချစေရန် ရည်ရွယ်၍ သင်တန်းကိုဖွင့်လှစ်ရကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးဦးဗညားမှ သင်ထောက်ကူပစ္စည်းများကို ပေးအပ်ခဲ့သည်။

 

အဆိုပါသင်တန်းကို စက်ချုပ်ပညာတတ်ကျွမ်းသော ဆရာမများမှ သင်ကြားပေးသွားမည်ဖြစ်ပြီး ကျေးရွာအတွင်းရှိ သင်တန်းသူ စုစုပေါင်း(၂၁)ဦး တက်ရောက်ကာ သင်တန်း ကာလကို(၁)လကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်မျိုးသူ(မုဒုံ)