မုဒုံ ၂၆ သြဂုတ်

 

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက ယနေ့နံနက် ၉ နာရီခွဲက မုဒုံမြို့နယ် တော်ကူးကျေးရွာရှိ စိုက်ပျိုးရေးနည်းပညာ ပြန့်ပွားရေးစင်တာ၌ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်း(RS-CS) ကွင်းဆင်းစစ်ဆေးခြင်း နည်းပညာပေးသင်တန်းကို ဖွင့်လှစ်သည်။

 

သင်တန်းဖွင့်ပွဲတွင် မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးအောင်ဇော်နိုင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် စိုက်ပျိုးရေး အခြေခံနိုင်ငံဖြစ်သည့်အတွက် ကိုဗစ်-၁၉ရောဂါကာလတွင် စီးပွားရေး ကျမသွားရအောင် စပါးမျိုးစေ့ထုတ်စိုက်ခင်းများကို အရည်သွေးနှင့်မျိုးစေ့သန့်စင်မှုရှိစေရန် ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးမည့် စိုက်ပျိုးရေးဝန်ထမ်းများကို သင်တန်းပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

အဆိုပါ သင်တန်းကို ပြည်နယ်မျိုးစေ့တာဝန်ခံ၊ မြေအသုံးချတာဝန်ခံနှင့် မော်လမြိုင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးတို့က စိုက်ပျိုးရေးဝန်ထမ်း(၂၅)ဦးတို့ကို သင်တန်းကာလ (၂)ရက်ကြာပညာပေး သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)