မုဒုံ   ဇန်နဝါရီ   ၁၄

 

မွန်ပြည်နယ်  ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊  ပြည်နယ်ဝန်ကြီးများ၊  ဌာနဆိုင်ရာ တာဝန်ရှိသူ များသည်  ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းက  မုဒုံမြို့၊ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ် ၆ လ ဘတ်ဂျက်ကာလအတွင်း ကန်ကြီးကန်ပတ်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း ​ဆောင်ရွက်​နေမှု အ​ခြေအ​နေကို ကြည့်ရှုစစ်​ဆေးကာ သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြမှုအ​ပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

ထို့နောက် ရွှေဟင်္သာခန်းမ၌ မြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ မုဒုံမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်​ရေးမှူးများနှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က “ရပ်ကွက်၊ ​ကျေးရွာ အုပ်ချုပ်​ရေးမှူးများအ​နေဖြင့် တည်ဆဲဥပ​ဒေ၊ နည်းဥ​ပ​ဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ  လိုက်နာ​ဆောင်ရွက်ကြရန် လို​ကြောင်း၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ နေထိုင်ကြရေး၊ ရပ်ရွာလုံခြုံ​ရေး၊ တည်ငြိမ်​​အေးချမ်းရေးနှင့် တရားဥပ​ဒေ စိုးမိုး​​ရေး အထူးဂရုပြုကြပ်မတ် ​ဆောင်ရွက်ကြရန်လို​ကြောင်း” အမှာစကား ပြောကြားသည်။

 

ဆက်လက်၍  ဌာနဆိုင်ရာများက ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်၊ (၆) လ ဘတ်ဂျတ်ဖြင့် ​ဆောင်ရွက်သည့် ​ဒေသဖွံ့ဖြိုး​ရေး လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ကြပြီး ရပ်ကွက်၊ ​ကျေးရွာ အုပ်ချုပ်​ရေးမှူးများက​ဒေသဖွံ့ဖြိုးတိုးတက်​ရေးနှင့် အခြားလိုအပ်သည်များကို တင်ပြမှုအ​ပေါ်  ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ရှိများက ​ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​ပေးခဲ့ပြီး မြို့နယ်အတွင်း လုံခြုံ​ရေး၊ တည်ငြိမ်​အေးချမ်း​ရေးနှင့် တရားဥပ​ဒေစိုးမိုး​ရေး၊​ ဒေသဖွံ့ဖြိုး​ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများအပြင် ရပ်ရွာ သန့်ရှင်းသာယာလှပ​ရေးတို့နှင့် ပတ်သက်၍ ​ဆွေး​နွေးခဲ့ကြကြောင်း သိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)