မော်လမြိုင် ဇူလိုင် ၅
မော်လမြိုင်မြို့၌ မွန်ပြည်နယ် ဝန်ကြီးချုပ်ဖလား ၁၀ မြို့နယ် အသက် ၂၅ နှစ်အောက် ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲကို ဇူလိုင် ၅ ရက် နံနက်ပိုင်းက ပြည်နယ်အားကစားခန်းမ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက်ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် မွန်ပြည်နယ် ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။ အဆိုပါ မွန်ပြည်နယ် ဝန်ကြီးချုပ်ဖလား ၁၀ မြို့နယ် အသက် ၂၅ နှစ်အောက် ဘတ်စကက်ဘောပြိုင်ပွဲကို ဇူလိုင် ၅ ရက်မှ ၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် ရေးမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရေးမြို့နယ်အသင်းက အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)