ရန်ကုန် ၁၉ သြဂုတ်
မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့်နှင့် ဦးကျော်စိုးတို့သည် ယနေ့ ညနေပိုင်းတွင် သွားရောက်တွေ့ဆုံ၍ မွန်ပြည်နယ်မှ ကော်မရှင်သို့ ပေးပို့တိုင်ကြားလာသော တိုင်တန်းချက်ပါ အခြေအနေများ၊ ကော်မရှင်မှ အကျဉ်းထောင်၊ အကျဉ်းစခန်း၊ တရားရုံးအချုပ်ခန်းနှင့် ဆေးရုံအချုပ်ခန်းတို့အား ကြည့်ရှုစစ်ဆေးမှုအခြေအနေများ၊ လူ့အခွင့်အရေးနှင့် စပ်လျဥ်း၍ ကော်မရှင်၏ ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေ၊ ကမ္ဘာ့လူအခွင့်အရေး ကြေညာစာတမ်း (UDHR)၊ ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICCPR) စာအုပ်များနှင့် ကော်မရှင် လက်ကမ်းစာစောင်များကို ပေးအပ်ခဲ့ကြောင်းသိရသည်။
သတင်းစဉ်
