မော်လမြိုင်        ဇူလိုင်       ၁၆

 

၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကို နေပြည် တော်၌ ကျင်းပသွားမည်ဖြစ်ရာ အဆိုပါပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ပြည်နယ် ဘောလုံးအသင်း အား အောင်နိုင်ရေးအလံ ပေးအပ်ပွဲနှင့် ဂုဏ်ပြုငွေ ချီးမြှင့်ပွဲကို ဇူလိုင် ၁၅ ရက်က ပြည်နယ်ခန်းမ၌ ပြုလုပ်ခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ‌နေထွဋ်ဦး၊ ပြည်နယ်၀န်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ များမှ ဖိတ်ကြားထားသူများ၊ ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ အရာထမ်း အမှုထမ်းများ၊  နည်းပြများ၊ အုပ်ချုပ်သူများနှင့် ကစားသမားများ တက်ရောက်ခဲ့ကြသည်။

 

ရှေးဦးစွာ မွန်ပြည်နယ်၀န်ကြီး ချုပ်က အမှာစကားပြောကြားပြီး အသက် ၁၉ နှစ်အောက် အမျိုးသား ဘောလုံးအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်သည်။ ထို့နောက် အသက် ၁၉ နှစ်အောက် အမျိုးသား ဘောလုံးအသင်းပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် အခြေအနေများကို ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်ဇော်က လည်းကောင်း၊ ဘောလုံးနည်းပြချုပ် ဦးမင်းသူက  ကြိုတင်လေ့ကျင့် ပြင်ဆင်ထားရှိမှုတို့ကို လည်းကောင်း ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးအသင်းအတွက် M ရော်ဘာကုမ္ပဏီ လီမိတက်မှ ဂုဏ်ပြုထောက်ပံ့ငွေ ကျပ် ၁၀ သိန်းကို ပေးအပ်ရာ နည်းပြနှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)