နေပြည်တော် စက်တင်ဘာ ၁

မွန်ပြည်နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြုထားသော ဘိုးဘွားရိပ်သာ လေးခုအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ဩဂုတ် ၃၁ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့ တောင်ဝိုင်းဘိုးဘွားရိပ်သာ၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မွန်ပြည်နယ် လူမှုရေးရာဝန်ကြီးက ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တောင်ဝိုင်းဘိုးဘွားရိပ်သာ၊ မုဒုံဘိုးဘွားရိပ်သာ၊ သထုံဘိုးဘွားရိပ်သာနှင့် သံဖြူဇရပ် ဘိုးဘွားရိပ်သာတို့အတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။ မွန်ပြည်နယ်တွင် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများမှ ဆောင်ရွက်လျက်ရှိသည့် လူငယ်ရိပ်သာ နှစ်ခု၊ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ လေးခု၊ အမျိုးသမီးဂေဟာ တစ်ခု၊ ဘိုးဘွားရိပ်သာ လေးခုနှင့် လူမှုအားမာန်အဖွဲ့ ၁၁ ဖွဲ့ရှိပြီး ယင်းအဖွဲ့များထဲမှ ဘိုးဘွားရိပ်သာ လေးခုအတွက် ထောက်ပံ့ငွေကျပ် ၁၂ ဒသမ ၀၉၉ သန်းကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်