ကျိုက်မရော ၂၂ အောက်တိုဘာ

 

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ အတ္တရံမြစ်ကူးတံတား(စံပယ်ဂူ) တည်ဆောက်ပြီးစီးနေမှုအခြေအနေများအား ယမန်နေ့ညနေ  ၄နာရီက မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံ နှင့် မွန်ပြည်နယ် အစိုးရအဖွဲ့သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ် ခင်မျိုးမြင့်၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကျိုက်မရော-စံပယ်ဂူ-ကော့ပနောလမ်း ပေါ် ရှိအတ္တရံ မြစ်ကူးတံတား (စံပယ်ဂူ)နှင့် တံတားချဉ်းကပ်လမ်း တည်ဆောက်ပြီးစီမှု အခြေအနေများအား လာရောက်ကြည့်ရူစစ်ဆေးပြီး တံတားဆောက်လုပ်ရေးစီမံကိန်းမှ တာဝန်ရှိသူများအား တွေ့ဆုံ၍ လိုအပ်သည်များကိုလမ်းညွှန်မှားကြားခဲ့သည်။

 

ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာ ဝန်ရှိသူများသည် ကျိုက်မရောမြို့နယ် အောင်သုခရပ်ကွက်၌ တည်ဆောက်နေသည့် School Cum Shelter ဆောက်လုပ်ထားမှု အခြေအနေများအား သွားရောက်စစ်ဆေးခဲ့ပြီး ကလိုင်းကနိုင်-ကျောက်တစ်လုံးလမ်းပေါ် ရှိ တံတားချဉ်းကပ်လမ်း ဆောင်ရွက်နေမှုများအား ကြည့်ရူစစ်ဆေးကာ လိုအပ်သည်များအား ဖြည့်စွက်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

ချိုမြတ်မြတ်ထွေး (ပြန်/ ဆက်)