သထုံ ၁၆ ဩဂုတ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွန်ပြည်နယ် ငါလုပ်ငန်းဦးစီးဌာနမှ Covic-19 Economic Relief Plan(CERP)၏ Action Plan အစီအစဉ်အရ နိုင်ငံတော်အစိုးရမှ မွန်ပြည်နယ်အတွင်းရှိ ငါးမွေးတောင်သူများအား ပထမအကြိမ် ငါးသားပေါက်များထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားအား ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲက မွန်ပြည်နယ်သထုံ ငါးလုပ်ငန်း သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ပါသည်။
အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့်အတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးလှကျော်တို့မှ အဖွင့်အမှာ စကား များပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဒုတိယဝန်ကြီးတို့မှ ငါးမွေးတောင်သူ များအား ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်းနှင့် ငါးခုံးမငါးသားပေါက်များအား ထောက်ပံ့ပေးအပ် ကြပါသည်။
အခမ်းအနားတွင် မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ပေါင်မြို့နယ်ရှိငါးမွေးတောင်သူ(၁၈)ဦး၏ ငါးမွေးကန် ၆၉.၅၃ဧက အတွက်ငါးသား ပေါက်ကောင် ရေ(၁၃၉၀၆၀)ကောင်အား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရသည်။
သတင်းစဉ်