မော်လမြိုင် ဇွန် ၂၁

 

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းသည် ဇွန် ၁၈ ရက် နံနက်ပိုင်းက သထုံမြို့ ပြည်နယ် ငါးလုပ်ငန်းစခန်းရှိ ငါးမွေးမြူရေးကန်များနှင့် ငါးသားပေါက်များ မွေးမြူထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် မြေနီကုန်းကျေးရွာ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း စားရိပ်သာအတွက် ငွေကျပ် ၁၀ သိန်း၊ ကြက်ဥ၊  ကျောင်းသုံးဗလာစာအုပ်နှင့် ပုံနှိပ်စာအုပ်များကို သွားရောက်ပေးအပ်ပြီး ကျောင်းဝင်းအတွင်း ကျင်းပသည့် ကော်ဖီစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်သည်။

 

ယင်းနောက် သိမ်ဆိပ်ရပ်ကွက်၏ အသားတိုးကြက်နှင့် ငါး/ပုစွန် မွေးမြူရေး လုပ်ငန်းများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)