မြစ်ကြီးနား ၂၂ ဩဂုတ်

မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပိုင်းတွင် ဩဂုတ် ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က မိုးများပြီးရေတိုက်စားမှု ဒဏ်ကြောင့် ဆားမှော် ဘူတာမှမြစ်ကြီးနား ဘူတာဘက်အထွက် တံတား အမှတ် BR655 တောင်ပံရေစားပြီး ပြိုကျသွားခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလျှံပြီး တံတားများရေတိုက်စားမှု ဒဏ်ခံနေရကြောင်း သိရသဖြင့် တိုင်()လက်ထောက် မန်နေဂျာ ဦးကြည်စန်းအား ဆက်သွယ်မေးမြန်းခဲ့ရာတံတားရဲ့ တောင်ပံတွေ ရေတိုက်စားသွားတယ်ဆိုတာ ကို မနက် ၁၀ နာရီ အချိန်မှာ သိရှိရပါတယ်။ တာဝန်ရှိသူတွေနဲ့ အတူ သွားရောက်ခဲ့တာပါ။ တံတားအုတ်ခုံကြီးက နိမ့်သွားတဲ့အတွက်သံလမ်းတွေကို ဖယ်ပြီး အစားထိုးထည့်ရမယ်။ကရိန်းကိုတော့ အကူအညီ တောင်းထားပါတယ်။ လူအားနဲ့မလုံလောက်ဘူး လုပ်တာတော့ လုပ်နေကြပါတယ်။ ဆားမှော်(၁၀၅)တပ်က တပ်မတော်သားတွေနဲ့အတူ ဆားမှော်ကမီးသတ်တပ်ဖွဲ့ဝင်တွေလည်း ကူညီပေးနေကြပါတယ်။ လမ်းပိုင်းပွင့်ချိန်ကိုတော့ ခန့်မှန်း (၁၂)နာရီလို့ မှန်းထားပါတယ်။ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်နေတာပါဟု ပြောကြားသည်။

ရထားပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီးရထားတွေကို Transit လုပ်ဖို့တော့ အစီအစဉ်မရှိပါဘူး။ ဒီနေ့မနက် မြစ်ကြီးနားက ထွက်လာတဲ့ အမှတ် ၅၆ အစုန် အထူးအမြန်ရထားက မိုးကောင်းဘူတာမှာ၊ အမှတ် ၄၂ အစုန်က နမ္မတီးဘူတာမှာ၊ အမှတ် ၄၁ အဆန်ရထားက ဟိုပင်ဘူတာမှာ ရပ်နားထားပါတယ်။ လို့တိုင်း()လက်ထောက်မန်နေဂျာ ဦးကြည်စန်းက ပြောသည်။

လူအောင်(ကသာ)

 

FB_IMG_1598076176812

 

FB_IMG_1598005070845