မန္တလေး ၅ စက်တင်ဘာ
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် အကျဉ်းထောင်၊ အကျဉ်းစခန်း အသီးသီးတွင် နိုင်ငံတော်သမ္မတ အမိန့်ဖြင့် ၂၀၁၈-၂၀၁၉ နှင့် ၂၀၁၉-၂၀၂၀ တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် အကျဉ်းသူ၊ အကျဉ်းသား (၅၅) ဦးမှာ ပြန်လည်လွတ်မြောက်ခဲ့ပြီး (၃၈) ဦးမှာ လျှော့ရက်များ ခံစားရကြောင်း ပြန်လည် လွတ်မြောက်ခဲ့သူ (၅၅) ဦး အနက် မန္တလေးဗဟိုအကျဉ်းထောင်မှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်နှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ကြသည့် အကျဉ်းသူ၊ အကျဉ်းသားများအား ဂုဏ်ပြုချီးမြှင့်သည့် လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည် လွတ်မြောက်ခွင့် ပြုရာတွင် တစ်ဘာသာဂုဏ်ထူးရှင်( ၂ ) ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၁၄) ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် (၅) ဦး စုစုပေါင်း (၂၉) ဦးကို စက်တင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက လွှတ်ပေးခဲ့ကြောင်း သိရသည်။
#MRTV


