မန္တလေး ၂၈ သြဂုတ်


မန္တလေးဈေးချိုတော်တွင် တပ်ဆင်နေသည့် ဆွစ်ဇာလန်နိုင်ငံထုတ်စက်လှေကား အသစ်များ ယနေ့စတင်ဖွင့်လှစ်ခဲ့သည်။ 


မန္တလေးဈေးချိုတော် အဆင့်မြှင့်တင်ရေးအတွက် စက်လှေကား ၆ ခု၊ ဓာတ်လှေကား ၁ ခု တပ်ဆင်ဆောင်ရွက်ခြင်း လုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာ ယနေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ 


‘မန္တလေးဈေးချိုမှာ စက်လှေကား ၆ စင်း၊ ဓာတ်လှေကား ၁ စင်း အသစ်တပ်တယ်။ နိုင်ငံတကာမှာ ကောင်းတယ်လို့နာမည်ကြီးတဲ့ ဆွစ်ဇာလန်နိုင်ငံ အမှတ်တံဆိပ် Schindler စက်လှေကားနဲ့ ဓာတ်လေကားတွေကို တပ်ဆင်နေတာပါ။ အဟောင်းတွေကိုဖြုတ်ပြီး အသစ်တွေတပ်ဖို့ ရောက်နေပြီ။ ဇူလိုင်၊ သြဂုတ်လအတွင်း တပ်ဆင်တာ ပြီးစီးမယ်’ ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။


ဈေးချိုတော်ကို အဆင့်မြင့်ဈေးချိုတော်အဖြစ် တည်ဆောက်သည်မှာ ၂၅ နှစ် ပြည့်ပြီဖြစ်တဲ့အတွက် စက်လှေကား၊ ဓာတ်လှေကားများ မကြာခဏပျက်ခြင်း၊ ပြင်ဆင်ထိန်းသိမ်း စရိတ်များခြင်း၊ အသုံးပြုသူများအတွက် အဆင်မပြေမှုများ ရှိခဲ့ကြောင်း သိရသည်။


 ယခုအခါ အရည်အသွေး  ကောင်းမွန်သည့် ဆွစ်ဇာလန်နိုင်ငံထုတ် စက်များဖြင့် တပ်ဆင်ခြင်းဖြစ်ကြောင်း သိရသည်။


၂၀၁၇- ၂၀၁၈ မှ ၂၀၁၈-၂၀၁၉ အထိ ဈေးချိုတော်ရှိ အဆောက်အအုံ ပြင်ဆင်ထိန်းသိမ်း စရိတ်အတွက် ငွေကျပ် သိန်း ၁၄၀ဝ ကျော် ကုန်ကျခံသုံးစွဲထားကြောင်း သိရသည်။


အိမို့မို့ခိုင်

 

1