မန္တလေး ၈ အောက်တိုဘာ

 

မန္တလေးစည်ပင်သာယာရေး ကော်မတီမှ အလုပ်ခွင်ဝန်ထမ်း သိပ်သည်းမှု လျော့နည်းစေရန်အတွက်သန့်ရှင်းရေး လုပ်ငန်းများရက်ခြား ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

မန္တလေးမြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း ဆောင်ရွက်ပေးလျက်ရှိသော သန့်ရှင်းရေးဝန်ဆောင်မှု လုပ်ငန်းများကို နေ့စဉ်မဖြစ်မနေ ဆောင်ရွက်ပေးရန်လိုအပ်သည့် ဆေးရုံများ ၊ Q center များ နှင့် ဖွင့်လှစ်ခွင့်ပြုထားသည့် ဈေးများမှအပ   ကျန်နေရာများတွင် ရက်ခြား ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားသည်။

 

ပြည်သူများကလည်း အမှိုက်သိမ်းယာဉ် လာရောက်တဲ့အချိန်မှသာ အမှိုက်များကိုစနစ်တကျ စွန့်ပစ်ပေးကြရန် မေတ္တာရပ်ခံကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

 

ရက်ခြားအမှိုက်သိမ်းမည့်စနစ် ကို အောက်တိုဘာ ၁၀  ရက်နေ့တွင် စတင်မည်ဖြစ်ပြီး  အောက်တိုဘာလအတွင်းတွင် စုံရက်များ (ဥပမာ ၁၀/၁၂/၁၄/၁၆/၁၈ ရက်များ)တွင်အမှိုက်သိမ်းယာဉ် လာရောက်မှာမဟုတ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်ထံက သိရသည်။

 

ဖြိုးအိ