မန္တလေး ၁၄ ဇူလိုင်
လာမည့် နိုဝင်ဘာ (၈) ရက်တွင် ကျင်းပမည့် ပါတီစုံရွေးကောက်ပွဲတွင် မန္တလေးခရိုင်အတွင်း၌ လက်ရှိလျာထား မဲစာရင်းများအရ မဲဆန္ဒရှင် ၁၁ သိန်းနီးပါးရှိကြောင်း မန္တလေးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ စာရင်းများအရ သိရသည်။
မန္တလေးခရိုင် (၇)မြို့နယ်အတွင်းမှာ လက်ရှိပြုစုထားတဲ့ စာရင်းများအရ မဲဆန္ဒရှင် ကျား (၅၀၃၀၄၂) ဦး၊ မ (၅၉၂၀၇၇) ဦး စုစုပေါင်း (၁၀၉၅၁၁၉) ဦး ရှိပါတယ်၊ မဲရုံပေါင်းက(၆၆၈)ရုံရှိပါတယ်၊ ဒါကလက်ရှိပြုစုထားတဲ့စာရင်းပါ၊ မဲစာရင်းတွေ ကြေညာပြီးတဲ့အခါမှာ အတိုး/အလျော့တွေရှိနိုင်ပါတယ်၊ ဒါက လျာထားစာရင်းပဲရှိပါသေးတယ်၊ ဟု မန္တလေး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့်အောင်က ပြောကြားသည်။
မန္တလေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် လက်ရှိလျာထား မဲဆန္ဒရှင်စာရင်းများအရ အောင်မြေသာစံ မြို့နယ်တွင် (၁၅၇၁၄၅) ဦး၊ ချမ်းအေးသာစံမြို့နယ်တွင် ၁၁၁၁၁၄ ဦး၊ မဟာအောင်မြေမြို့နယ်တွင်(၁၅၇၄၀၈)၊ ချမ်းမြသာစည်မြို့နယ်တွင် (၁၈၂၆၅၅) ဦး၊ ပြည်ကြီးတံခွန် မြို့နယ်တွင် ၁၆၀၅၄၀၊ အမရပူရမြို့နယ်တွင် (၁၆၃၀၇၁) ဦး နှင့် ပုသိမ်ကြီးမြို့နယ်တွင် (၁၆၃၁၈၆) ဦး တို့ဖြစ်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


