မန္တလေး ၃၀ ဇွန်
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ အဆင့်မြင့်ဈေးချိုတော်တွင် ၁၉၉၄ခုနှစ် ဈေးချိုတော်စတင်ဖွင့်လှစ်စဉ် ကတည်းက တပ်ဆင်ထားရှိသည့် စက်လှေကားများအား မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ အစီအစဉ်ဖြင့် အသစ်တပ်ဆင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါဈေးချိုမှဈေးသူ/ဈေးသားများနှင့် အနယ်နယ်အရပ်ရပ်မှလာရောက် ဈေးဝယ်လာသူများ သွားလာရေးအဆင်ပြေစေလွယ်ကူစေရန်အတွက် ဈေးအကျိုးတော်ဆောင်အဖွဲ့မှ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသို့ တင်ပြချက်အရ ယခုဘဏ္ဍာရေးနှစ်အတွင်း တပ်ဆင်ပေးရန် ပါဝင်ခဲ့ပြီး လုပ်ငန်းများကို နှစ်လအတွင်း အပြီးဆောင်ရွက်နိုင်ရန်လျာထားကြောင်း၊ ဓါတ်လှေကားတစ်စင်းကိုလည်း အသစ်တပ်ဆင်သွားမည်ဖြစ်ကြောင်း ဈေးအကျိုးတော်ဆောင်အဖွဲ့ထံမှ သိရပြီးအဆင့်မြင့်ဈေးချိုတော်တွင် အထပ်လေးထပ်ရှိပြီး စက်လှေကားများ အသစ်လဲလှယ်တပ်ဆင်ပြီး ပုံမှန်မောင်းနှင်နိုင်ပါကလာရောက် ဈေးဝယ်ယူသူများ လွယ်ကူစွာ သွားလာနိုင်မည်ဖြစ်၍ အရောင်းအဝယ်ပိုမိုကောင်းမွန်လာစေရေးအတွက် များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
တင်မောင်(မန်းကိုယ်ပွား)


