မန္တလေး  ၁၀  စက်တင်ဘာ

 

မန္တလေးမြို့ရှိ ယာဉ်ရပ်နားစခန်း(၅)ခုဖြစ်သည့် ချမ်းမြရွှေပြည် ယာဉ်ရပ်နားစခန်း၊ ပြည်ကြီးမျက်ရှင် ယာဉ်ရပ်နားစခန်း၊ ဒေါနဘွားယာဉ်ရပ်နားစခန်း၊ မဟာအောင်မြေယာဉ်ရပ်နားစခန်းနှင့် သီရိမန္တလာယာဉ်ရပ်နား စခန်းတို့မှ ယာဉ်လိုင်းပေါင်း (၆၅၀)ကျော်ကို စက်တင်ဘာ ၁၀ ရက်နေ့ ညနေပိုင်းကစတင်ပြီး ပြေးဆွဲမှုတွေ ခေတ္တယာယီရပ်ဆိုင်းစေခဲ့ပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းကြီးကြပ်မှုကော်မတီ (အဝေးပြေး)မှ ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက ပြောကြားသည်။

 

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ပြည်သူသို့ အသိပေးပန်ကြားချက် တွင် ပြည်တွင်းရောဂါကူးစက်ပျံ့နှံ့မှုအား အချိန်မီတားဆီးထိန်းချုပ်ရန်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေး ဆိုင်ရာကိစ္စရပ်နှင့် အခြားအရေးပေါ်ကိစ္စရပ်များမှအပ ပြည်တွင်းခရီးသွားလာခြင်းကို မပြုလုပ်ကြဖို့ နှိုးဆော်ထား သည့်အတွက် ယခုကဲ့သို့ ယာဉ်လိုင်းများအားလုံး ရပ်နားစေခဲ့ခြင်းဖြစ်ကာ လက်မှတ်၀ယ်ယူထားသော ခရီးသည် များအား ငွေပြန်လည်အမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

#MRTV