မန္တလေး  ၁၈  စက်တင်ဘာ

 

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းကာ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း(Mask) များ အခမဲ့ ဖြန့်ဝေခြင်းကို စက်တင်ဘာ ၁၇ ရက် ညနေပိုင်း က မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်ရှိ သင်ပန်းကုန်းလမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။

 

ထို့သို့ဆောင်ရွက်ရာတွင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးစောဟန်နှင့် တာဝန်ရှိသူများ၊ ပြည်ကြီးတံခွန်မြို့နယ်လူမှုကူညီရေးအသင်းချုပ် ဒုတိယဉက္ကဋ္ဌ ဦးမြသိန်းနှင့် လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းကာ သင်ပန်းကုန်းလမ်းဆုံတွင် လမ်းသွားလမ်းလာပြည်သူများအား နှာခေါင်းစည်း (Mask) အခုရေ (၃၀ဝ၀) ကျော် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

mdn

 

ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များအနေဖြင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအပါအဝင် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာရှင် ပြည်သူများဖြင့် ပူးပေါင်းကာ မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများ၊ လမ်းဆုံလမ်းခွများနှင့် ဈေးများတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး  နှာခေါင်းစည်း(Mask) များ အခမဲ့ဖြန့်ဝေခြင်း၊ အသံချဲ့စက်များဖြင့် လှည့်လည် အသိပေးကြေညာခြင်းများ စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)