မန္တလေး ၂၂ ဇွန်
အပြည်ပြည်ဆိုင်ရာယောဂနေ့ စုပေါင်းယောဂကျင့်စဉ် အခမ်းအနားကို မန္တလေးမြို့၊ ၃၅ လမ်းရှိ ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်းတွင် ယနေ့ နံနက် ၆ နာရီက ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နှင့် အိန္ဒိယကောင်စစ်ဝန်ချုပ် မစ္စာ နန်ဒန်ဆင်းဘစ်ဇိုရာတို့က အမှာစကားပြောကြားသည်။ ထို့နောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူသည်။ ၎င်းနောက် ယောဂဂုရုကြီး ဆရာကြီး ဦးလှညွန့်က ယောဂကျင့်စဉ်များအား သရုပ်ပြ ဆောင်ရွက်သည်။ ယင်းနောက် အခမ်းအနားဖြစ်မြောက်ရေး ပံ့ပိုးပေးကြသော အလှူရှင်များအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အိန္ဒိယ ကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများ၊ ရှမ်းတိုင်းရင်းသားများသာရေးနာရေးအသင်းမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ယောဂဂုရုကြီးနှင့် ယောဂကျင့်စဉ်အား စိတ်ပါဝင်စားသူများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
သန်းဇော်မင်း(ပြန်/ဆက်)