မန္တလေး ၂၀ ဩဂုတ်
ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေး အသိပညာပေးဆွေးနွေးပွဲကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်းနှင့် မြဝတီမင်းကြီးလမ်းထောင့်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီ က ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပရာ ပြည်ကြီးတံခွန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ကျန်းမာရေးမှူး ဒေါက်တာ စိန်မိုးမြင့်၊ မဟာအောင်မြေမြို့နယ် စာရေးဆရာအသင်းဉက္ကဌ ဆရာမ ခင်ခင်ဝင်း (ပညာရေး) နှင့် ပြည်ကြီးတံခွန်မြို့နယ် စာရေးဆရာအသင်းအတွင်းရေးမှူး ဆရာလင်းသစ်(မန္တလေး) တို့က ဦးဆောင်ဆွေးနွေးသည်။ ၎င်းနောက် တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းရာ လက်ထောက် ကျန်းမာရေးမှူး ဒေါက်တာစိန်မိုးမြင့် က ပြန်လည်ဖြေကြားသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ခရိုင်ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ တာဝန်ရှိသူများ ၊ မြို့နယ်စာရေးဆရာအသင်းများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
သန်းဇော်မင်း(ပြန်/ဆက်)