မန္တလေး  ၂၆   ဇူလိုင် 


Vibrant E.sport မှ ဦးဆောင်ကျင်းပသော Player Unknown Battle Ground (PUBG) Mobile Tournament ဂိမ်းပြိုင်ပွဲကို မန္တလေးမြို့၊ ၂၆လမ်းနှင့် ၇၁လမ်းထောင့်ရှိ မြို့တော်ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။


ပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညီမင်းဟန်နှင့် တာဝန်ရှိသူတစ်ဦးက ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ပြိုင်ပွဲများအား ဆက်လက်ကျင်းပသည်။


အဆိုပါပြိုင်ပွဲကို ဇူလိုင် ၂၆ ရက် မှ ၂၈ ရက်ထိ သုံးရက်ကြာကျင်းပသွားမည်ဖြစ်ကာ ပြိုင်ပွဲဝင်အသင်း (၁၀ဝ)သင်းပါဝင်ပြီး  အသင်းတစ်သင်းလျှင် ကစားသမား (၄)ဦးနှင့် အရန်(၁)ဦး ပါဝင်ကြောင်း၊ ပထမနေ့တွင် အသင်း (၅၀)၊ ဒုတိယနေ့တွင် အသင်း(၅၀) ယှဉ်ပြိုင်ပြီး၊ အဆိုပါ အသင်းများထဲမှ အနိုင်ရရှိသော အသင်း(၂၀) မှ နောက်ဆုံးနေ့တွင် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ပထမဆုရရှိသော အသင်းအား ငွေကျပ်(၁၅)သိန်း၊ ဒုတိယဆုရရှိသော အသင်းအား ငွေကျပ်(၁၀)သိန်း၊ တတိယဆုရရှိသော အသင်းအား ငွေကျပ်(၅)သိန်းနှင့် အခြားနှစ်သိမ့်ဆုများလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း Vibrant E.sport  မှ ကိုဇော်ဝင်းထွဋ် က ပြောကြားသည်။


သန်းဇော်မင်း(ပြန်/ဆက်)

 

16