နေပြည်တော် မေ ၂

 

မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခဲ့သော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အချို့ဒေသများတွင် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများ ပျက်စီးဆုံးရှုံးခဲ့ရသဖြင့် ပြန်လည်ဖြေဆိုရမည့်စစ်သည်များနှင့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးစကား ပြောကြားခြင်းကို ယနေ့နံနက်ပိုင်းတွင် အနောက် မြောက်တိုင်းစစ်ဌာနချုပ် ဇေယျာသီရိခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးနှင့် တာဝန် ရှိသူများ၊ ဆရာ ဆရာမများ၊ ပြန်လည်ဖြေဆိုရမည့် စစ်သည်များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းမှူးက ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲပြန်လည်ဖြေဆိုရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ပြန်လည်ဖြေဆိုရမည့် စစ်သည်များနှင့် ကျောင်းသား ကျောင်းသူများအား တစ်ဦးချင်း လိုအပ်သည်များကို မေးမြန်း၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ အားပေးစကားပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။

သတင်းစဉ်