မန္တလေး ၁၁ စက်တင်ဘာ
မန္တလေးတိုင်း ကြက်ခြေနီအဖွဲ့သို့ ပြန်လည်လျှော်ဖွတ်နိုင်သည့် အဝတ်Mask ၁၀ဝ၀ဝ ကျော်ကို အခုလ ၁၀ ရက်က လှူဒါန်း ခဲ့ကြောင်း မန္တလေးတိုင်းအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။
အဝတ် Mask ပေးအပ်လှူဒါန်းပွဲကို မန်းမြို့ဈေး ရှိ မန္တလေးတိုင်းအထည်ချုပ်လုပ်ငန်းရှင်များအသင်းတွင် စက်တင်ဘာလ ၁၀ ရက် ညနေ ၃ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
‘မန္တလေးတိုင်းကြက်ခြေနီကို မက် ၁၀ဝ၀ဝ ကျော်လှူဒါန်းခဲ့ပါတယ်။ မန္တလေး တိုင်းကြက်ခြေနီ အသင်းက ကမ်ပိန်းတွေလုပ်နေတယ်ဆိုတာသိရတယ် အထည့်ချုပ်လုပ်ငန်းရှင်များအသင်းအနေနဲ့က တစ်ထောင့်တစ်နေရာကနေ ပါဝင်ချင်လို့ အဝတ် Mask တွေချုပ်ပြီးလှုဒါန်းတာဖြစ်ပါတယ်’ဟု မန္တလေးတိုင်းဒေသကြီး အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဉက္ကဌဒေါ်လေးမွန်က ပြောသည်။
အထည်ချုပ်လုပ်ငန်းရှင်များ အသင်းအနေဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ပူပေါင်းကာ အဝတ် Mask များချုပ်ပေးခဲ့ခြင်းများ ပြုလုပ်ခဲ့သည့်အပြင် ဈေးများ ၊ ဆေးရုံများတွင် အဝတ် Mask များဝေငှခဲ့ကြောင်း သိရသည်။
‘တကယ်တော့ အခုသုံးနေတာက တစ်ခါသုံး Mask တွေဖြစ်တယ် တချို့လူတွေက တစ်ခါသုံး Mask တွေကို အိမ်မှာချိတ်လိုက် ပြန်သုံးလိုက် လုပ်နေတာမြင်တော့ စိတ်မချမ်းသာဘူး ။အဝတ် Mask က လျှော်ပြီးပြန်သုံးလို့ ရတယ်လေ အခုလိုလှူဒါန်မှုကို ဝမ်းမြောက်ဝမ်းသာလက်ခံပါတယ်’ဟု မန္တလေးတိုင်း ကြက်ခြေနီအသင်း ၊ တပ်ဖွဲ့မှူး ဦးကျော်ကျော် ကပြောသည်။
မန္တလေးတိုင်း ကြက်ခြေနီအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း ၊ လက်ကမ်းစာစောင်များဝေငှခြင်းများဆောင်ရွက်နေကြောင်း သိရသည်။
မေသက်ထား


