မန္တလေး ၄  စက်တင်ဘာ 

မန္တလေးတိုင်းဒေသကြီး ဘောလုံးဆပ်ကော်မတီမှ မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြုအသက် ၆၈ နှစ်အထက် သက်ကြီးဘောလုံးသမားဟောင်းများအား ကိုဗစ်ကာလထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ဗထူး အားကစားကွင်း အစည်းအဝေးခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဘောလုံးဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးစောငြိမ်းက နှုတ်ခွန်းဆက် ဂုဏ်ပြုစကားပြောကြားသည်။

ဆက်လက်၍ ဆပ်ကော်မတီဥက္ကဋ္ဌ ဦးစောငြိမ်းနှင့်  တာဝန်ရှိသူများက မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု အသက် ၈၆ နှစ်အထက် ဘောလုံးသမားဟောင်း ၄၀ ကို တစ်ဦးလျှင် ငွေကျပ် ၁၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၅၂ သိန်း ‌ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် သက်ကြီးဘောလုံးသမားဟောင်းများကိုယ်စား ဦးစိန်ဝင်းကြီးနှင့် တိုင်းဒေသကြီး ဘောလုံး ဆပ်ကော်မတီ အတွင်းရေးမှူး ဦႋရဲလင်းတို့က ကျေးဇူးတင်စကား ပြောကြားကြပြီး မန္တလေးတိုင်းဒေသကြီး ဘောလုံးသမားဟောင်း ဆရာညီပုလေးက မုဒိတာ စကားပြောကြားခဲ့သည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး ဘောလုံးဆပ်ကော်မတီဥက္ကဋ္ဌ ဦးစောငြိမ်းက “ဒီကနေ့ ကျင်းပတဲ့ အခမ်းအနား ကတော့ မန္တလေးတိုင်းဒေသကြီး ဘောလုံးဆပ်ကော်မတီက မန္တလေးတိုင်း ကိုယ်စားပြုယှဉ်ပြိုင်ကစားတဲ့ အသက် ၆၈ နှစ်အထက် ကစားသမားဟောင်းတွေကို ကိုဗစ်ကာလမှာ ထောက်ပံ့ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီးဘောလုံး ဆပ်ကော်မတီအနေနဲ့ မန္တလေးတိုင်းဒေသကြီး ဘောလုံးအားကစား တိုးတက်ရေးအတွက် လူငယ် ဘောလုံးသင်တန်း၊ ဒိုင်လူကြီးသင်တန်း၊ နည်းပြသင်တန်းနှင့် ဘောလုံးပြိုင်ပွဲတွေကိုလည်း ကိုဗစ်ကာလ အလွန်မှာ ကျင်းပနိုင်ဖို့ အစီအစဉ်ရှိပါတယ်”ဟု ပြောကြားသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)