မန္တလေး   ဇန်နဝါရီ   ၇

 

မန္တလေးတိုင်းဒေသကြီး၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ဦးပွားဂုံးကျော်အရှေ့၊ ရန်ကုန်-မန္တလေးကားလမ်း၊ နားမကြားသော ကလေးများကျောင်းတွင် ဇန်နဝါရီ  ၆ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက အဖွင့်အမှာစကား ပြောကြားကာ မန္တလေးတိုင်းဒေသကြီး ပညာရေးနှင့် အသက်မွေးဝမ်းကြောင်း ပညာရေးလုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူးက လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး စာရင်းကောက်ယူရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌက လုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌက လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လည်းကောင်း အသီးသီးဆွေးနွေး တင်ပြခဲ့ကြသည်။


ဆက်လက်၍ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်း ကော်မတီ အတွင်းရေးမှူးက လမ်းပေါ်နေကလေးများ လျော့နည်းပပျောက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များအား တင်ပြကာ  သက်ဆိုင်ရာအလိုက် တာဝန်ရှိသူများက အထွေထွေဆွေးနွေးမှုများ ပြုလုပ်ပြီး မန္တလေးတိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်း ကော်မတီ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


ငြိမ်းအိအိဖြိုး(ပြန်/ဆက်)