မန္တလေး ၁၁ ဇူလိုင်
ကျောက်ဆည် မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ကို မန္တလေးတိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ယနေ့ကျင်းပသည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၉) (ပထမနေ့) တွင် တင်သွင်းခဲ့သည်။
ဦးအောင်ကြည်သည် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ငွေစာရင်းသုံးစွဲမှုစိစစ်ရေးကော်မတီဝင်၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒေသန္တရစီမံကိန်းအရအသုံးငွေစာရင်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်နေသူဖြစ်သည်။
"လွှတ်တော်ကိုယ်စားလှယ် ဘဝမှာလည်း ပြည်သူအတွက် ကြိုးစားသလို ၊ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရင်လည်း ကြိုးစားမှာပါပဲ။ တိုင်းပြည်အတွက် လဝကနဲ့ ပတ်သက်လို့ ရွှေပြောင်းလုပ်သားတွကို စနစ်တကျ လုပ်ကိုင်ရမယ်''ဟု ကျောက်ဆည် မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည် ကပြောသည်။
ဦးအောင်ကြည်သည် စာရင်းစစ်အဖြစ် တာဝန်များ ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် ဒေသဖွံဖြိုးရေးအတွက် မေးခွန်းပေါင်း ၃၇ ခုကို ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် မေးမြန်းခဲ့သည်။
အိမို့မို့ခိုင်


