နေပြည်တော်၊ ဇန်နဝါရီ ၄
မန္တလေးတိုင်းဒေသကြီး မတ္တရာ မြို့နယ်မှလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၂ ရက်တွင် တောပုရွာဘုန်းကြီးကျောင်းတွင် အထိုင်ချပြီးလက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ တစ်ဦကိုဖမ်းဆီးသွားခဲ့ကြောင်းနှင့် ကျေးရွာ နေအိမ်များမှ အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားသည်ဟု သတင်းတု၊ သတင်းမှားများကို ပြည်ဖျက်မီဒီယာ DVB မှ မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာဒေသရှိ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဇန်နဝါရီ ၂ ရက်တွင် မတ္တရာမြို့နယ် တောပုရွာသို့ လုံခြုံရေးတပ်ဖွဲ့များ သွားရောက်ခဲ့ခြင်းမရှိသလို ကျေးရွာများ၊ ဒေသခံပြည်သူများအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုမရှိကြောင်းသိရှိရပြီး တရားမဝင် ပြည်ဖျက်မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ ဝင်များအပေါ် ပြည်သူများမှ ကြောက်ရွံ့ထိတ်လန့်လာစေရန် သတင်းတု၊ သတင်း မှားများကို ရေးသားဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်