မန္တလေး ဇူလိုင် ၁၈
ယခုဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၁ မြို့နယ်၌ စိုက်ပျိုးရေး ၂၆၀၀၀ ကျော် ဧက အကျိုးပြုစေမည့် ကျေး လက်ကုန်ထုတ်လမ်း ၁၉ လမ်းကို ပြည်သူများအတွက် ဇွန်လပထမ ပတ်မှစ၍ စိုက်ပျိုးရေးတောင်သူများကို ဖောက်လုပ်ပေးလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းများကို တောင်သူများ၏ စိုက်ပျိုးထားသည့်သီးနှံများ ကွင်းထဲတွင် လေလွင့်မှုနည်းပါးစေရန်၊ ရာသီမရွေး ထုတ်လုပ်သယ်ပိုးနိုင်ရန်နှင့် ဈေးကွက်သို့အချိန်မှီတင်ပို့ရောင်းချ နိုင်ရေးအတွက် ရည်ရွယ်၍ ယခုဘဏ္ဍာနှစ်တွင် စိုက်ပျိုးရေးတောင် သူများအတွက် ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ်သန်း ၁၅၄၆ ဒသမ ၁၂၇ ကိုအသုံးပြုပြီး ကျေးလက်ကုန်ထုတ်လမ်း ၁၉ လမ်းနှင့် တံ တား ၃၀ စင်းဖောက်လုပ်ပေးသွားမည်ဖြစ်ပြီး၊ လမ်းအရှည်အနေဖြင့် ၂၆ မိုင် ၆ ဒသမ ၆၁၂ ဖာလုံကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်ထိ ဆောင်ရွက်ပြီးစီးမှု ရာခိုင်နှုန်းသည် ၂၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကြည်စောက ပြောသည်။
" ခုလိုမျိုးကုန်ထုတ်လမ်းတွေ ဖောက်လုပ်ပေးနေတာဆိုရင် စိုက်ပျိုးရေးတောင်သူတွေ အကျိုးစီးပွား အတွက် လုပ်ဆောင်ပေးနေတာပါ။ စိုက်ပျိုးမွေးမြူတဲ့ တောင်သူတွေကို ဈေးကွက်နဲ့ချိတ်ဆက်ပေးတာ ပါ။ ယခင်လမ်းတွေမရှိခင်က စိုက်ခင်းကထွက်တဲ့ ထုတ်ကုန်တွေ ဈေးကွက်ကို အချိန်မီမပို့နိုင်ပါဘူး။ ခုလိုလမ်းတွေ ဖောက်ပေးလိုက်တဲ့အတွက် သွားရောင်းချလိုတဲ့နေရာကို အချိန်တိုအတွင်း သွားရောင်းနိုင်တယ်။ ကုန်စည်ဒိုင်ကိုလည်း တိုက်ရိုတ်သွားရောင်းနိုင်တဲ့အတွက် ဈေးကောင်း ရရှိစေမယ့် အကျိုးကျေးဇူးတွေလည်းရရှိမှာဖြစ်ပါ တယ်။ ယခင်က ကုန်ထုတ်လမ်းတွေမရှိတဲ့အခါမှာ စိုက်ပျိုးတဲ့သီးနှံတွေဟာ မိုးဒဏ်၊ လေ ဒဏ်တွေကြောင့် လေလွင့်မှုများနဲ့ ပျက်စီးမှုတွေဖြစ်ပေါ်ကြပါတယ်။ အဲဒါကြောင့် ကျေးလက်ကုန်ထုတ်လမ်းတွေ ဖောက်လုပ်ပေးနေတာ ပါ။ ကုန်ထုတ်လမ်းရှိတဲ့အတွက်ကြောင့် ဈေးကွက်ကို အချိန်မရွေး ချိတ်ဆက်နိုင်ပါတယ်" ဟု ၎င်းကရှင်းပြသည်။
တောင်သူများ အကျိုးစီးပွားအတွက် သီးနှံများကိုရာသီမရွေး ထုတ် လုပ်နိုင်ရန်အတွက် ယခုဘဏ္ဍာနှစ်တွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပေးမည့်မြို့နယ် ၂၁ မြို့နယ်တွင် ကျေးရွာ ၄၀၊ အိမ်ခြေ ၈၈၇၈ အိမ်၊ လူဦးရေ ၄၃၀၀၀ ကျော်ကို အကျိုးပြုနိုင်မည်ဖြစ်ပြီး၊ စိုက်ပျိုးရေးအနေဖြင့် ယာ ၂၅၉၄၆ ဧက၊ လယ် ၇၀ ဧက၊ မွေးမြူရေး ၁၇၃၅ ကောင်၊ မွေးမြူရေးဧကအနေဖြင့် ၄၉ ဧက အကျိုးပြုစေမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူ တောင်သူများ၏ အကျိုးစီးပွားအ တွက် လုပ်ဆောင်ပေးနေခြင်းမှာ လက်ရှိ ၂၀ ရာခိုင်နှုန်းပြီးနေပြီဖြစ်၍ ယခုဘဏ္ဍာနှစ်အတွင်းအပြီး ဖောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်အေးချမ်း